
ကျွန်တော်ဒီနေ့ Win RAR အကြောင်းလေးအနည်းငယ်ရေး ပေးချင်ပါတယ်။ အများစုလည်း သိပြီးသား ဖြစ်နေကြသလို မသိသေးတဲ့သူတွေလည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်အောင်ရည်ရွယ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဖိုင်တွေကို ဖြည်တဲ့နေရာမှာ အဓိကပြဿနာလေးဖြစ်ပါတယ်။ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ကို အသေးစိတ်တစ်ဆင့်ခြင်း ရှင်းပြပေးသွားပါ့မယ်။ သိပြီးသားသူတွေကတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်တို့စပြီး စခွဲတဲ့ အပိုင်းကိုအရင်ဆုံး ကြည့်ရအောင်ဗျာ။ အောက်မှာကြည့်လိုက်ပါ။
ပထမဆုံးကျွန်တော့်ဆီက Wifi Hack တဲ့ Tool လေးကို အရင်ဆုံးစပြီးခွဲပါမယ်။ ပုံမှာကြည့်လိုက်ပါ။

ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 963 MB ရှိပါတယ်။ ကျွန်တော်တို့အခု 5 ပိုင်းလိုချင်တယ်ပေါ့ဗျာ။ အခု ငါးပိုင်းရအောင် တစ်ပိုင်းကို 190 နဲ့ 200 MB လောက်ခွဲရမယ်ပေါ့ဗျာ။ အခုနောက်တစ်ဆင့်ထပ်ကြည့်ရအောင်ဗျာ..

ကျွန်တော်နှစ်ခုပြထားပါတယ်။ ပထမဆုံးတစ်ခု Add to archive ဆိုတာက တိုက်ရိုက်တစ်ခါတည်း ခွဲချပေးနိုင်တာပါ။ အောက်ကမြှားလေးကတော့ ကျွန်တော်တို့ ဒီဖိုင်လေးကို တစ်ခါတည်း နဲ့ ဖိုလ်ဒါလေးထဲကို ထည့်ပေးပြီးခွဲပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အခု Add to archive ကနေသွားမယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ.

ပုံမှာကြည့်ကြည့်လိုက်ပါ။ ကျွန်တော်တို့ Archive Format မှာ နှစ်မျိုးသုံးလို့ရပါတယ်။ ကျွန်တော်ကျန်တာ မပြောပြတော့ပါဘူး။ အဓိကကျတဲ့ ခွဲတာနဲ့ ပြန်ပေါင်းတာကိုပဲပြောပြသွားပါ့မယ်။ ကျွန်တော်တို့အခု RAR ဖိုင်နဲ့ လိုချင်တယ်ပေါ့ဗျာ.။ RAR တွေမှာ နောက်ဆုံး Update ဖြစ်လာတာနဲ့ သုံးရတာတွေလည်းပိုပြီး အဆင်ပြေလာတာကို တွေ့ရမှာပါ။ အရင်ထွက်တဲ့ RAR တွေမှာ နောက်မှာပြထားတဲ့ MB ဆိုတာလေးမပါပါဘူး။ ဒါပေမယ့် အခုကျွန်တော်သုံးနေတဲ့ Update လေးမှာတော့ပါလာပါပြီ။ ကျွန်တော်ဆိုဒ်မှာလည်း တင်ပေးထားပါတယ်။ အောက်မှာလည်း ကျွန်တော်ထပ်ထည့်ပေးထားပါတယ်။ အလွယ်ဆုံးနည်းနဲ့ပေါ့ဗျာ။ Volume မှာ 200 ပေးပြီး Size မှာMB ပေးလိုက်ပါတယ်။ အောက်မှာကြည့်လိုက်ပါဗျာ။

ဒီလိုပါပါတယ်။ GB အထိခွဲလို့ရပါတယ်။ တစ်ကယ်လို့ အရှေ့ပိုင်းထွက်ထားတဲ့ RAR လေးတွေမှာ မပါခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့ Byte နဲ့လည်းခွဲလို့ရသလို 200MB ဆိုပြီး တစ်ခါတည်းအကွက်ထဲမှာ ရိုက်ထည့်ပေးရင်လည်း ရပါတယ်။Byte နဲ့ခွဲမယ်ဆိုရင်တော့ ကျွန်တော်တို့ 200 ကိုအရင်ဆုံးရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ နောက်ကနေ 0ခြောက်လုံးရိုက်ထည့်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ 1 Mb =1000000B နဲ့ညီလို့ပါ။ 200 000 000အခုလိုရိုက်ထည့်ပေးရပါမယ်။ ဒါကတော့တွက်ရမှာပေါ့ဗျာ။ ကျွန်တော်ဆိုရင်တော့ 200 MB လို့ရိုက်ထည့်လိုက်ပါတယ်။ အဆင်ပြေပါတယ်။ အခုခွဲမယ်ဗျာ။နောက်တစ်ဆင့်ကိုကြည့်လိုက်ပါ

ကျွန်တော်တို့ အခု Password ခံချင်တယ်ဆိုရင်ပေါ့ဗျာ။ပုံလေးမှာပြထားတဲ့အတိုင်း ဒုတိယမြောက် Tab လေးဖြစ်တဲ့Advanced ဆိုတဲ့ Tab လေးကို နှိပ်လိုက်ပါ။ အဲ့ဒီကမှ Set Password ဆိုတာလေးကို နှိပ်လိုက်ပါ။ အဲ့ဒီမှာ မိမိတို့ပေးလိုတဲ့ Password ကို နှစ်ကြိမ်ရိုက်ထည့်ပေးလိုက်ပါ။ မမှားဖို့တော့ လိုတာပေါ့ဗျာ။ အဲ့ဒီမှာ ထည့်ပေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ရှေ့က Tab လေးကို ပြန်သွားပြီး OK ပေးလိုက်ရင် စပြီးခွဲပါပြီ။

အခုဆိုရင် ကျွန်တော်ခွဲထားတဲ့ ဖိုင်လေးတွေထွက်လာပါပြီ။ အားလုံးပေါင်း 5 ပိုင်းထွက်လာပါတယ်။ နောက်ဆုံး ထွက်လာမယ့်အပိုင်းလေးကတော့ ဆိုဒ်နည်းသွားတာပေါ့ဗျာ။ ဒီလောက်ဆိုရင် ကျွန်တော်တို့ Win RAR ရဲ့ ဖိုင်ခွဲပုံလေးကို သိလောက်ပြီလို့ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ဖိုင်ဖြေတဲ့ အပိုင်းပေါ့ဗျာ။ အောက်မှာ ကြည့်လိုက်ပါ။

ကျွန်တော်တို့ ခွဲတဲ့ နေရာမှာလည်း သုံးမျိုးရှိပါတယ်။ ပထမဆုံး Extract files ဆိုတာကတော့ ကျွန်တော်တို့ ခွဲထုတ်လိုက်တဲ့ ဖိုင်လေးကို ဘယ်နေရာကိုတစ်ခါတည်း ထည့်လိုက်မလဲ ဆိုတာကို ရွေးပေး နိုင်ပါတယ်။ ကြည့်လိုက်ပါဗျာ

ဒီနေရာကတော့ ကျွန်တော်တို့ ခွဲထုတ်မယ့်ဖိုင်လေးကို ထားရမယ့်နေရာကိုရွေးတာပါ။ နံပါတ် 2 ဖြစ်တဲ့ Extract Hereဆိုတာကတော့ အခုရှိနေတဲ့ နေရာလေးမှာတင် တစ်ခါတည်း ခွဲထုတ်လိုက်တာကို ပြောတာပါ။ နောက်ဆုံးနံပါတ် 3အနေနဲ့ကတော့ ကျွန်တော်တို့ ခွဲတဲ့ အချိန်မှာ တစ်ခါထဲ ဖိုလ်ဒါလေးနဲ့ ထည့်ပေးလိုက်တာကိုပြောတာပါ။ အခုဆိုရင် ပထမဆုံးတစ်ပိုင်းကို ကျွန်တော်တို့ စပြီး ခွဲထုတ်လိုက်မယ်ဆိုရင် ကျန်တဲ့အပိုင်းလေးတွေလည်း တစ်ခါထဲပြေသွားပြီး တစ်စုတစ်စည်းထဲဖြစ်တဲ့ ဖိုင်လေးကိုကျွန်တော်တို့ရလာပါတယ်

အခုလို ခွဲထုတ်ပြီးရင်တော့ အပေါ်မှာ ဖိုလ်ဒါလေးနဲ့ ရလာပါပြီ။ ဒါကသမရိုးကျခွဲထုတ်ထားတဲ့ ဖိုင်လေးတွေကို ပြန်ဖြေထုတ်တာပါ။ နောက်ထပ် ထပ်ဆင့် ခွဲထည့်ထားတဲ့ RAR ဖိုင်လေးတွေကို ဖြည်တာကို ကျွန်တော် ပြပါ့မယ်။ အောက်မှာ ကြည့်လိုက်ပါ

ကျွန်တော်တို့ခွဲမှာ အခုလို ကောင်လေးတွေဖြစ်ပါတယ်။ ဖိုင်တွေအများကြီးပါပါတယ်။ ဒါပေမယ့် ပထမဆုံးတစ်ပိုင်းကိုခွဲလိုက်ရုံနဲ့ ဒီကောင်လေးက အကုန်ပြေသွားမှာ မဟုတ်ပါဘူး။ တစ်ပိုင်းခြင်းစီကို စဖြည်ရမှာဖြစ်ပါတယ်။ ကြည့်လိုက်ပါဗျာ

ကျွန်တော်တို့အခု အဆင်ပြေအောင် Extract Here နဲ့ပဲ ဒီနေရာလေးမှာပဲဖြည်ပါ့မယ်။ နှိပ်ပေးလိုက်ပါ။

ဖြည်တဲ့အချိန်မှာ Error တက်တာလေးတွေလဲရှိနိုင်တဲ့ အတွက် အကုန်ပြည့်စုံသွားအောင် Yes to All နဲ့ပဲ ပေးပါ။ ဒါကပထမဆုံးတစ်ပိုင်းပါ။ အခုဒုတိယတစ်ပိုင်းကိုထပ်ဖြေပါ့မယ်

ဒါကတော့ ဒုတိယတစ်ပိုင်းကို ဖြေတာဖြစ်ပါတယ်။ Extract here နဲ့ပဲထပ်ဖြေပေးပါ။ခုနက ပုံလေးအတိုင်းပါပဲ။ Yes to Allနဲ့ပဲ ထပ်ဖြေပေးပါ

ကျွန်တော်အခုခွဲတဲ့ ဖိုင်လေးမှာ အားလုံးပေါင်း ၁၇ ပိုင်းရှိပါတယ်။ အဲ့ဒီ ၁၇ ပိုင်းလုံးကို တစ်ပိုင်းခြင်းစီကို လိုက်ဖြေပေးရမှာ ဖြစ်ပါတယ်။ အားလုံးကိုဖြေပြီးရင်တော့ နောက်ထပ် ၁၇ ပိုင်းအသစ်ထပ်ထွက်လာပါတယ်။ ပုံမှာကြည့်လိုက်ပါ

အခုနောက်ထပ်ထွက် လာတဲ့ အပိုင်းတွေကိုချန်ပြီး ပထမဆုံးရှိနေတဲ့ အပိုင်းတွေကိုဖျက်ချင်လဲ ဖျက်လို့ရပါတယ်။ ကျွန်တော်ကတော့ ဖျက်လိုက်ပြီဗျာ. အောက်မှာထပ်ကြည့်ပေးပါ။

ကျွန်တော်ကတော့ အဆင်ပြေအောင် မြှားပြထားတဲ့ ကောင်လေးနဲ့ တစ်ခါတည်း ဖိုလ်ဒါလေးနဲ့ တစ်စု တစ်စည်းထဲ ဖြစ်သွားအောင် ခွဲပါတယ်။ ကြည့်လိုက်ပါ

အခုဆိုရင် ကျွန်တော်တို့ ဖိုလ်ဒါလေးနဲ့ တစ်စု တစ်စည်းထဲရလာပါပြီ။ ဖွင့်ကြည့်လိုက်ပါဗျာ

အခုဆိုရင် ကျွန်တော်တို့ အောင်အောင်မြင်မြင် Error မရှိပဲနဲ့ ထုတ်ပေးလိုက်နိုင်ပါပြီ။ Application SetUpဖိုင်လေးတစ်ခုရယ် ကျွန်တော်တို့ Full Version လေးဖြစ်အောင်သုံးနိုင်မယ့် Crack ဖိုင်လေးကိုပါ RAR ဖိုင်လေးနဲ့ ရလာပါပြီ။ ကျွန်တော်ကတော့ ဒါမျိုးဖြစ်အောင်တော့ ခက်ခက်ခဲခဲခွဲမတင်ပေးပါဘူး။ ပထမနည်းလိုပဲ ပထမဆုံးတစ်ပိုင်းကို ခွဲရင် အကုန်ပြေသွားတာမျိုးဖြစ်အောင် ခွဲပေးတာ တွေပဲတင်ပေးပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ မိတ်ဆွေများ အဆင်ပြေနိုင်လောက်ပြီလို့ ထင်ပါတယ်။ နည်းနည်းလေးတော့ ရှည်သွားပါတယ်။ အားလုံးပဲ အခက်အခဲမရှိအဆင်ပြေကြပါစေဗျာ။
Software ကိုတော့နောက်မှပဲတင်ပေးတော့မယ်
မူရင်း နေမင်းမောင်
ပို့ ရေးသားသူ ဇော်လင်း
No comments:
Post a Comment