http://www.facebook.com/groups/ ထိုင်းရောက် IT လူငယ်များ

ဒီblog ထဲက post များကို ပြန်လည်ကူယူဖော်ပြပါက post ရေးသားထားတဲ့ သူတွေကို အားပေးသည် အနေဖြင့် Credit ပြန်လည်ပေးကြပါရန် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ

ဖုန်းအပိုပစ္စည်းများ

Saturday, May 18, 2013

Nokia Symbian ဖုန်းတွေမှာ FontZoomer သုံးပြီး ZawGyi Font ထည့်နည်း


Symbian ​မှာ ​ကိုယ်​ကြိုက်​တဲ့ Font ​ကို ​ထည့်​သုံး​နိုင်​ဖို့ FontZoomer ​လို​ဟာ​မျိုး​တွေ ​အ​သုံး​ပြု​ရ​ပါ​တယ်။ ​သို့​မ​ဟုတ် System file ​ထဲ​က Font ​လေး​ခု​ကို ​သက်​ဆိုင်​ရာ ​နာ​မည်​တွေ ​ပြောင်း​ပေး​ပြီး Replace ​လုပ်​လိုက်​ရင် ​ရ​ပါ​တယ်။ FontZoomer ​က​တော့ ​အ​လွယ်​ဆုံး​ပါ​ပဲ။
NokiaKeyboard ​တင်​ထား​တဲ့ ​ပို့​စ်​အောက်​ကComment ​မှာ FontZoomer ​လို​ချင်​လို့​တောင်း​ထား​တာ ​ရှိ​ပါ​တယ်။ Contact Form ​က​နေ​လည်း ​တောင်း​ပါ​တယ်။ ​အ​ဓိ​က​က​တော့ Certificate Error ​တက်​တာ​ရယ် Trial Version ​ဖြစ်​နေ​တာ​တွေ​ကြောင့်​ပါ​ပဲ။ ​ကျွန်​တော့်​အ​နေ​နဲ့ Software Sharing ​မ​လုပ်​ချင်​ပါ​ဘူး​။ ​ပို​ဆိုး​တာ​က ​ကျွန်​တော့်​ဆီ​မှာ​ရှိ​တဲ့ FontZoomer ​က​လည်း Cracked ​လုပ်​ထား​တဲ့​ဟာ​ပါ။ ​ကျွန်​တော်​လည်း ​မ​တတ်​သာ​လို့ ​သုံး​ရ​ပေ​မယ့် ​ထပ်​ပြီး​တော့ ​မ​မျှ​ဝေ​ချင်​ဘူး​။ ​သို့​သော်​လည်း ​ပို့​မယ့်​ပို့​တော့ ​ကူး​တို့​ထိ​ရောက်​အောင် ​ပို့​တဲ့​အ​နေ​နဲ့ ​ဒီ​တစ်​ခေါက်​တော့ ​ပေး​လိုက်​ပါ​တယ်

                   
                                         Font Zoomer ကိုဒေါင်းရန်

FontZoomer ​ကို Download ​လုပ်​ပြီး​ရင် Zip ​ဖြေ​ပါ။ ​ဖုန်း​ထဲ​ကို Copy ​ကူး​ထည့်​ပါ။ ​ဖုန်း​ထဲ​မှာ FontZoomer ​ဖိုင်​ကို​နှိပ်​ပြီး Install ​လုပ်​ပါ။ ​ဒါ​ဆို​ရင် Application ​ထဲ​မှာ FontZoomer ​ပေါ်​လာ​ပါ​ပြီ။ ​ခ​ဏ​ထား​လိုက်​ပါ။ ​ဖုန်း​ရဲ့ C: ​အောက်​ကို ​သွား​ပါ။ Font Zoomer ​ဆို​တဲ့ Folder ​ရှိ​ပါ​တယ်။ ​အ​ကယ်​၍ ​မ​ပေါ်​ပါ​က Application ​ထဲ​မှာ FontZoomer Software ​ကို ​ဖွင့်​လိုက်​ပါ။ ​ပြီး​လျှင် ​ဘာ​မှ​မ​လုပ်​ပဲ ​ပြန်​ထွက်​လိုက်​ပါ။ ​ပြီး​လျှင် C: ​ထဲ​မှာ ​ပြန်​ကြည့်​ပါ။ FontZoomer ​နာ​မည်​နဲ့ Folder ​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​ထဲ​ကို ​မိ​မိ​ပြောင်း​လို​သော Font ၊ ​ဥ​ပ​မာ Zawgyi Font ​ကို ​ကွန်​ပျူ​တာ​ထဲ​က​နေ ​ယူ​ပါ။ Windows key + r ​နှိပ်​ပြီး fonts ​လို့​ရိုက်၊ Enter ​ခေါက်၊ Font Folder ​ပေါ်​လာ​လိမ့်​မယ်၊ ​အ​ဒီ​အောက်​ဆုံး​မှာ Zawgyi-One ​ကို​ယူ​လိုက်​ပါ ။ ​ယူ​ပြီး​လျှင် ​ခု​န​က ​ဖုန်း​ရဲ့ C ​အောက်​က FontZoomer Folder ​ထဲ​ကို​ထည့်​ပါ။ ​ကွန်​ပျူ​တာ​နှင့် ​ဖုန်း ​ချိတ်​ထား​ပြီး​ထည့်​လျှင် C: ​အောက်​သို့ ​ထည့်​မ​ရ​ဘူး ​ဖြစ်​နိုင်​ပါ​သည်။ ​ထို့​ကြောင့် ​ကူး​လို့​ရ​သော E ​တို့ F ​တို့​အောက်​ကို ​ထည့်​ပါ။ ​ပြီး​မှ ​ဖုန်း​ထဲ​မှာ​ပဲ Copy Paste ​လုပ်​ပါ။
ဒါ​ဆို​ရင် Font ​ထည့်​ပြီး​ပါ​ပြီ။ ​ပြောင်း​ပေး​ရ​ပါ​ဦး​မယ်။
FontZoomer ​ကို ​ဖွင့်​ပါ။ Menu ​ကို​နှိပ်​ပါ။ Show Font  List ​ကို​နှိပ်​ပါ။ ​အဲ​ဒီ​ထဲ​မှာ Zawgyi-One ​နာ​မည်​ကို​ရှာ​ပါ။ ​အ​မှန်​ခြစ်​ပေး​လိုက်​ပါ။ ​နောက်​ကို ​ပြန်​ရောက်​သွား​ပါ​လိမ့်​မယ်။ Back ​နှိပ်​ပြီး ​ပြန်​ထွက်​လိုက်​ပါ။ ​ဖုန်း​ကို Restart ​ချ​ခိုင်း​ပါ​လိမ့်​မယ်။ ​ချ​ပေး​လိုက်​ပါ။ ​ဖုန်း ​ပြန်​တက်​လာ​လျှင် ​ဇော်​ဂျီ​ကို ​မြင်​ရ​ပါ​ပြီ။
How to use font zoomer - nokia myanmar font
သို့​သော် . . . . .
မြန်​မာ​စာ​ကို ​အ​မှန်​မ​မြင်​နိုင်​ပါ။ ​သ​ဝေ​ထိုး​၊ေ​ရ့​ချာ၊ ​ဝစ်​ဆံ​နှစ်​လုံး​ပေါက် ​များ​နှင့် ​တွဲ​ရေး​လျှင် ​ထပ်​သွား​သည်။ ​ထို​စာ​လုံး​များ​နှင့် ​တွဲ​ရေး​ချင်​သည် ​ဆို​ပါ​က Space ​ခြား​ပေး​ရန် ​လို​သည်။ ​ဥ​ပ​မာ ​မောင် ​ကို​ရိုက်​ချင်​လျှင်ေ+Space+​မ+Space+ာ+​င+-်  ​ဖြစ်​သည်။ Contact ​များ​ကို ​မြန်​မာ​လို​မှတ်​ချင်​လျှင် ​ထို​သို့ ​မှတ်​ပါ။
FontZoomer ​ဖြင့် Zawgyi ​သွင်း​ထား​ပြီး Zawgyi ​ကို ​အ​မှန်​မြင်​နိုင်​တာ ​လော​လော​ဆယ် ​ကျွန်​တော်​တွေ့​ရ​သ​လောက် ​ပြော​ရ​ရင်​တော့ Nokia Car Mode ​ရယ်၊ Viber ​မှာ​ရယ်၊ Blob ​ဆို​တဲ့ ​ဘ​လော့​ဂ်​ရေး​တဲ့ ​ဆော့​ဖ်​ဝဲလ်​ထဲ​မှာ​ရယ်​ပါ​ပဲ။ ​အင်​တာ​နက် ​သုံး​သူ​များ​က​တော့ Opera Mini ​ထဲ​မှာ Zawgyi ​ကို ​လုံး​ဝ ​အ​မှန် ​မြင်​အောင် ​လုပ်​နိုင်​ပါ​တယ်။ Opera mini ​နဲ့ ​အ​ဆင်​ပြေ​စွာ ​သုံး​နိုင်​ပါ​တယ်

  Credit to the http://www.nweyoe.net/blog/

No comments: