AIS 3G/2100 SimCard မှာ အင်တာနက်ချိန်ညှိခြင်း

 
 
သိပြီးသား သူငယ်ချင်းများ ကျော်ဖတ်ပေးပါ ခင်ဗျာ
 ...
 ထိုင်းမှာ ရှိတဲ့သူငယ်ချင်းများ အတွက် AIS  3G/2100 အတွက် အင်တာနက် ချိန်ညှိပုံလေးပါ
 AIS သုံးပြီး အင်တာနက်ကြည့်တဲ့ သူငယ်ချင်းများ (E) ပဲပေါ်နေရင်တော့ ဒီအတိုင်းလေး စမ်းကြည့်ပါ။
 ကျနော် စမ်းကြည့်တာ (E) ကနေ (H) ပေါ်ပြီး တော်တော်လဲ အဆင်ပြေလို့ ပြန်လည်မျှဝေလိုက်ပါတယ်။
 ဒီမှာ တစ်ခု ရှိတာကတော့ မိမိ သုံးနေသော AIS ရဲ့ Promotion နှင့်လဲ ပတ်သက်မှုတော့ ရှိနိုင်ပါတယ်။
 E ပေါ်လို့ လိုင်းမကောင်းသူများ စမ်းကြည့်လို့ ရအောင်လို့ ပြန်လည် Share လိုက်ခြင်းသာဖြစ်ပါတယ်။
 ကျနော်မှာ တော့ အခုဆိုရင် (H) ပေါ်ပြီး 3G ကို သုံးနိုင်တာကြောင့် ပါ။ Youtube ဗီဒီယိုကို မထစ်ပဲ
 အဆင်ပြေ ချောမွေ့စွာ ကြည့်လို့ ရပါတယ်။ စမ်းကြည့်ချင်တယ် ဆိုရင်တော့ အောက်က အတိုင်းလေး
 လုပ်ကြည့်လိုက်ပါ။ 
 
 Settings > Wireless & Networks >More >Mobile network> Access Point Names
 ဒီအတိုင်းလေးသွားလိုက်ပါ။ ပြီးရင်တော့   APNs  ကို သွားလိုက်ပါ။ Access Point Names တဲ့ နေရာမှာ 
 APN မရှိဘူးဆိုရင်တော့ မိမိ၏ ဖုန်းဟာ Mobile Data ကို ON ထားရင်တောင်မှ Internet ကြည့်လို့ ရမှာမဟုတ်ပါဘူး။
 များသောအားဖြင့်တော့ Access Point Names မှာ APN ကတော့ ပါပြီး ဖြစ်တာများပါတယ်။ တစ်ချိုသော ဖုန်းတွေမှာ
 Rom ပြန်တင်လိုက်ရင် Access Point Names မှာ APN က မရှိတော့ ပဲ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာတော့
 Mobile Data ကို ဖွင့်(ON) ထားရင်တောင်မှ E လဲမပေါ်  H လဲ မပေါ်ပဲ အင်တာ နက်ကြည့်လို့ မရတာမျိုးရှိပါတယ်။
 ဒီတော့ ကျနော်တို့ Manual အနေနဲ့ Setting ပြန်ချိန်လိုက်ရင် အဆင်ပြေစွာ အင်တာနက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
 APN ရှိနေပြီးသားသူများ အောက်ပါ အတိုင်းလေး ထည့်ပေးပြီး Save လိုက်ပါ။ APN မရှိတဲ့ သူငယ်များကတော့ မိမိဖုန်းက
 Option Key ကို နှိုက်ပြီး New Apn တစ်ခု ယူပြီး အောက်ပါ အတိုင်း ဖြည့်ပြီးတော့ Save လိုက်ပါ။ ပြီးရင်တော့ ကိုယ်
 ကိုယ်ချိန်လိုက်တဲ့ APN မှာ အမှတ်လေးပေးလိုက်ပါ။ Mobile Data ကို ON ပြီး အင်တာနက်ကို ဖွင့်ကြည့်လိုက်ပါ။
 H ပေါ်တာကို တွေ့ ရမှာ ဖြစ်ပါတယ်။ H မပေါ်ပဲ E ပဲ ပေါ် ရင်တော့ မိမိ နေတဲ့ နေရာမှာ 3G connection မရှိဘူးလို့သာ
 မှတ်လိုက်ပါတော့ ခင်ဗျာ။ 
 
 နောက်တစ်နည်းကတော့ Setting>Wireless & Networks >More >Mobile network> Network Mode မှာ WCDMA ကို ရွေးကြည့်ပါ။
 connection ပျေက်သွားရင်တော့ 3G connection မရှိလို့ပါ။ 3G ရှိရင်တော့ H နှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
 Name AIS-INTERNET
 
 APN = internet
 Proxy = 203.170.229.34
 Port = 8080
 MCC = 520 (ဒီနေရာလေးမှာ သူအလိုလို 520 လို့ ဖြည့်ပြီးသား ဖြစ်သွားမှာပါ)
 MNC = 03   (ဒီနေရာလေးမှာ သူအလိုလို 03 လို့ ဖြည့်ပြီးသား ဖြစ်သွားမှာပါ)
 
 Name AIS-MMS
 APN = multimedia
 MMSC = http://mms.mobilelife.co.th/
 Proxy = 203.170.229.34
 MMS Port = 8080
 MCC = 520
 MNC = 03
 
 
 
 
 
 
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment
Note: Only a member of this blog may post a comment.