http://www.facebook.com/groups/ ထိုင်းရောက် IT လူငယ်များ

ဒီblog ထဲက post များကို ပြန်လည်ကူယူဖော်ပြပါက post ရေးသားထားတဲ့ သူတွေကို အားပေးသည် အနေဖြင့် Credit ပြန်လည်ပေးကြပါရန် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ

ဖုန်းအပိုပစ္စည်းများ

Friday, October 4, 2013

PayPal အကောက် Verify အလွယ်တကူ လုပ်နည်း





PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အရင်က ကျွန်တော်ပြောခဲ့သလို VisaCard တို့  Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping  ပြန်လုပ်ရပါတယ်။ နိုင်ငံကြီး တော်တော် များများမှာတော့ ပြန်လုပ်စရာ မလိုပါဘူး ။ ထိုင်းနိုင်ငံမှာတော့ ပြန်လုပ်ရပါတယ်..။ 


 ATM Card ကို Internet shopping လုပ်နည်း

VISA Card ရလာပြီး ဆိုတာနဲ့ အရင်ဦးဆုံး မိမိပြုလုပ်ခဲ့တဲ့ ဘဏ်ရဲ့ ATM ပုံးကို သွားလိုက်ပါ ..။

လမ်းဘေးတော်တော်များများမှာ ရှိပါတယ်.. ။ ကဒ်လုပ်ပေးတဲ့ ဘဏ်ရုံး အရှေ့မှာလဲ ရှိပါတယ်..။ ရောက်ရှိသွားပြီ ဆိုရင်တော့ မိမိရဲ့ VISA card ကို ATM ပုံးထဲ ထည့်လိုက်ပါ..။ 

ပြီးရင် မိမိတို့ရဲ့ password ကို နှိပ်ပြီး ဝင်လိုက်ပါ..။ ကျွန်တော်ကတော့ ထိုင်းစာ မတက်တဲ့ အတွက် English စာကိုဘဲ ရွေးပြီး နှိပ်လိုက်ပါတယ်..။  ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း နှိပ်လိုက်ပါ .။ Bank တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် စာတန်း နည်းနည်း လွဲချင် လွဲမှာပါ.. ။ ကိုယ်ဖာသာကိုယ် နည်းနည်း ပြင်ဖတ်ပေးပါခင်ဗျာ..။ 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း internet shopping by K-Debit card ကို ဆက်နှိပ်ပါ..။ 

internet shopping ကို နှိပ်ပြီးပါက အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Mobil Phone No ကို နှိပ်ပါ..။


ကိုယ့်ရဲ့ Phone No ကို ထည့်ပြီးပါက Submit Mobile No ကို နှိပ်လိုက်ပါ


ပြီးသွားရင် စာရွက် တစ်ရွက်ထွက်လာပါမယ် .. အဲ့ဒီ စာရွက်မှာ ဂဏန်းလေးလုံး ပါရှိပါတယ် မှတ်ထားလိုက်ပါ..။ စောစောက ထည့်ခဲ့တဲ့ Phone No ကိုလဲ စာအိပ် တစ်လုံး Bank ကနေပြီးတော့ ပို့ပေးပါမယ်..။ စာရွက်ထဲကလိုဘဲ ဂဏန်းလေးလုံးပါပါတယ်..။ 


ဒါဆို ကျွန်တော်တို့ရဲ့ ကဒ်က အင်တာနက်မှာ သုံးလို့ ရပါပြီ..။ 

PayPal အကောက် Verify လုပ်နည်း

ဒီနေရာမှာ ကျွန်တော် အကြံပေးချင်တာက Verify လုပ်မဲ့ အကောက်နာမည်က မိမိတို့ ဘဏ်အကောက်မှာ သုံးထားတဲ့ နာမည်နဲ့ တူရင် ပိုကောင်းပါတယ်..။ ဒါဆိုရင် ဘာပြဿနာမှ မတက်တော့ပါဘူး ။ နာမည်မတူပါက တစ်ခါတလေ ပြဿနာ အနည်းငယ် ရှိတတ်ပါတယ် ..။

ကဲ.. အကောက် Login ဝင်လိုက်ပါဦးခင်ဗျာ..။အကောက်ထဲ ရောက်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ညာဘက်ဘေးနားက Link debit/credit card ဆိုတာကို နှိပ်လိုက်ပါ..။
                                         

                                         အောက်ကပုံအတိုင်းပေါ်လာပါမယ်..။

သင်အသုံးပြုတဲ့ အကောက်နာမည်ကို ရွေးချယ်လိုက်ပါ။ ကျွန်တော်ကတော့ VISA ကဒ်သုံးတယ်..။ ရွေးလိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါမယ်..။
                                         


Card Number , Expiry Date,Card Security Code. စသည်တို့ကို ဖြည့်ပေးရပါမယ်..။

အရင်ဦးဆုံး Card Number နေရာမှာ အောက်ကပုံအတိုင်း ကဒ်က နံပါတ်ကို ကြည့်ပြီး ရေးလိုက်ပါ..။
                                           


                 Expiry Date ကိုလဲ အောက်ကပုံမှာ ပြထားတဲ့အတိုင်းဘဲ ကြည့်ပြီး ရေးလိုက်ပါ..။
                                               

Card Security Code ကိုတော့ ကဒ်ရဲ့ အနောက်ဘက်မှာ ကြည်နိုင်ပါတယ်.။ အောက်က ပုံကအတိုင်းပေါ့
                                                   

အားလုံးပြီးရင် Link Card ကို နှိပ်လိုက်ပါ.

                                                     
အဲ့ဒီ ပုံအတိုင်းပေါ်လာပါမယ်။ အနီတန်းနဲ့ ဖြတ်ထားတာက ကျွန်တော့် No ဖြစ်နေလို့ပါ။Confirm My Card ကိုနှိပ်လိုက်ပါ..။ 



Continue ကို ဆက်နှိပ်လိုက်ပါ..။ 



အဲ့ဒီ ပုံအတိုင်း ပေါ်လာပါမယ်..။ ကျွန်တော်တို့ စောစောက ATM ပုံမှာ ထည့်ခဲ့တဲ့ Phone No ထဲကို Bank ကနေပြီးတော့ စာအိပ်တစ်လုံး ပို့လာပါမယ်..။ PayPal ကနေပြီးတော့ ဝန်ဆောင်ခ ထိုင်း ဘတ် 32.36 နုတ်သားပြီ ဆိုတဲ့ အကြောင်း ပါ.



အဲ့ဒီ ပုံအတိုင်းပါဘဲ..။ ပြီးရင် အောက်မှာ ရှိတဲ့ Go to my profile ကို ဆက်နှိပ်လိုက်ပါ



Enter PayPal Code ကို နှိပ်လိုက်ပါက Phone ထဲကို Bank ကနေပြီးတော့ စာအိပ် နောက်တစ်လုံး ထပ်ပို့ ပါမယ်..။ 


ဘတ် 70 ထပ်နုတ်ပါတယ်..။ ပြီးတာနဲ့ ချက်ချင်း အဲ့ဒီ ဘတ် 70 ကို PayPal အကောက်ထဲသို့ ပြန်ထည့်ပေးပါတယ်
 နောက်ပြီးတော့ Code ပါ ပို့ပေးထားပါတယ်
PP*0000 CODE  ဥပမာ အဲ့လိုပေါ့ အောက်က PP* No လေးလုံးကို မှတ်ထားပါ..။



Enter PayPal Code ကို နှိပ်လိုက်ပါက အပေါ်က ပုံအတိုင်း ပေါ်လာပါမယ် ..။  စောစောက ဖုန်းထဲကို ပို့လာတဲ့ PP* ဘေးက No လေးလုံးကို ထည့်လိုက်ပါ..။ ပြီးရင် Confirn Card ဆက်နှိပ်ပါ..။ 


အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ... ။ :D လက်ခုပ်တီးကြပါ ခင်ဗျာ..။ :D
Close ကို နှိပ်လိုက်ပါ..။



:D ဒီလောက်ဆို လုံလောက်ပြီလို့ ထင်ပါတယ် ... 
ကဲ PayPal အကောက်ရပြီ ဆိုရင် အင်တာနက်မှာ ငွေ ရှာချင်ရင် အောက်မှာ ဆက်ကြည့်လိုက်ပါ..။



 ဒီဆိုဒ်အကြောင်းကိုတော့ သိပ်ပြီးတော့ ရေးပြစရာ မလိုတော့ဘူး ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အွန်လိုင်း အလုပ်လုပ်တဲ့သူ တော်တော် များများ ဒီဆိုဒ်နဲ့ ကင်းဖူးတဲ့သူ မရှိပါဘူး။ ကြော်ငြာ ကလစ်ရာတွင်လဲ ရိုးရှင်း လွယ်ကူပါတယ်။ အလုပ်လုပ်ရတာ လွယ်ကူအောင် ကျွန်တော့် ဆိုဒ်မှာ မြန်မာလို အသေးစိပ် ရေးပြထားပါတယ်။ ဒီမှာ လေ့လာပြီး ဒီမှာ Register လုပ်လိုက်ပါဗျာ။ 


ဆိုဒ်သစ်တစ်ခု ဖြစ်ပါတယ်..။ အပေါ်ဆုံးက The Bux နဲ့ အလုပ်လုပ်ပုံချင်း တူပါတယ်..။ အဲ့ဒီနည်းအတိုင်း လုပ်လိုက်ပါ..။ အမှန်တကယ် ငွေထုတ်လို့ ရပြီး အလုပ်လုပ်သင့်တဲ့ ဆိုဒ် ဖြစ်ပါတယ်..။ ဒီနေရာကနေ ကနေ Register လုပ်လိုက်ပါ..။ နောက်ထပ် တစ်ခုက သူ့မှာ ကံစမ်းမဲ နှိုက်ဖို့  မရှိပါဘူး..။ ကံစမ်းမဲ မနှိုက်ချင်သူများအတွက် ဝမ်းသာစရာပေါ့..။




ဒီဆိုဒ်က  ငွေပေးများတာကြောင့် နာမည်ကြီးနေပါတယ်။ သူက ကြော်ငြာနှိပ်ရတာ အရမ်းများပါတယ် ။ ကြော်ငြာများတဲ့ အတွက် ပိုက်ဆံလဲ များများ ပေးပါတယ် ။ referrals တွေလဲ ဈေးချိုပါတယ် ။ အလုပ်လုပ်သင့်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ် ။ မန်ဘာဝင်ကြည့်မယ်ဆိုရင်တော့ ဒီမှာ ဝင်လိုက်ပါ။


ဒီဆိုဒ်က အသစ်ပါ ..။ ဝမ်းသာစရာတစ်ခုက သူ့မှာကြော်ငြာ ကလစ်ရတာ တခြားဆိုဒ်တွေမှာလို ကြော်ငြာအသေး (0.001တန်) လုံးဝမပါပါဘူး..။

လုံးဝရှင်းပါတယ် .. ကြော်ငြာအကြီး ၅ခု ၆ခု ဘဲ ပေးပါတယ်..။ $0.06 ဖိုးပါ ..။ 

နောက်ထပ် တစ်ခုက သူ့မှာ ကံစမ်းမဲ နှိုက်ဖို့  မရှိပါဘူး..။ ကံစမ်းမဲ မနှိုက်ချင်သူများအတွက် ဝမ်းသာစရာပေါ့..။

ဒီမှာ Register လုပ်လိုက်ပါ..။  

ဆိုဒ်တွေ အများကြီး လိုက်လုပ်နေမဲ့ အစား သေချာတဲ့ ဆိုဒ်သုံးလေးခုကိုဘဲ ရွေးပြီးလုပ်ပါလို့ အကြံပေးချင်ပါတယ် နောက်ပိုင်း ရှယ်ယာတွေ များလာပါက ရှယ်ယာတွေ ဂရုစိုက်ဖို့လဲ အချိန်လိုတဲ့ အတွက် သေချာတဲ့ ဆိုဒ်တွေကိုဘဲ ရွေးချယ်ပြီး လုပ်ကြပါဗျာ ။ Facebook ပေါ်မှာ ဆွေးနွေးချင်တယ် ဆိုရင်တော့ Facebook Group >> Myanmar PTC Helper (အွန်လိုင်းငွေရှာသူများ) Group သို့ ဆက်သွယ်ကြပါဗျာ။
လိုအပ်သောအကူအညီနှင့် မရှင်းလင်းတာတွေရှိရင် Facebook account နှင့် Facebook Page  သို့ အားမနာတန်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

No comments: