ထိုင်းကနေပြီး Apple ID ကို ကိုယ်တိုင်ဖွင့်ခြင်တဲ့ သူငယ်ချင်းတွေ အတွက် နည်းလမ်းလေးပါ။
Apple ID ဖွင့်ဖို့ အတွက် မသုံးရသေးတဲ့ Gmail အကောင့်အသစ်ရှိရပါမယ်။ ကွန်ပျူတာမှာ itunes ရှိရပါမယ်။itunes ရှိပြီဆိုရင် itunes ကိုဖွင့်လိုက်ပါ။ဖွင့်ပြီးရင် itunes အပေါ်ဘက်မှာ
Sing In ဝင်ဖို့ နေရာကိုနိပ်ပါ

Sing In ဝင်ဖို့ အကွက်ပေါ်လာပြီဆိုရင် အောက်က ပုံအတိုင်း Create Apple ID ကိုနိပ်ပါ

နောက်တဆင့်ရောက်ရင် အောက်ကိုဆင်းပြီး နိုင်ငံ အလံကို နိပ်ကာ ထိုင်းအလံကို ရွေးပေးပါ။ပြီးရင် Continue ကိုနိပ်ပါ။

နောက်တဆင့်မှာ ပုံမှာပြထားတဲ့ လေးထောင့်အကွက်မှာ အမှန်ခြစ်လေးခြစ်ပြီး Agree ကိုနိပ်ပါ။

နောက်တဆင့်မှာတော့ ပုံမှာပြထားတဲ့ အမှတ်စဉ်အတိုင်း ဖြည့်ပေးရပါမယ်။

နံပတ်(1) နေရာက မိမိ ID ဖွင့်မယ့် gmailထည့်ပါ။
နံပတ်(2) နေရာက Password ပါ။ Password ပေးတဲ့အခါ စာလုံးအကြီး အသေးနဲ့နံပတ် ရောပြီးပေးပါပုံမှာနမူနာပြထားပေးပါတယ်
နံပတ်(3) နေရာက ပေးထားတဲ့ ပါ့ဝက်ကိုပဲပြန်ပေးရပါတယ်။
နံပတ်(4) နေရာက သူမေးတာဖြေပေးရမှာပါ။ အောက်ဆိုက်နေတဲ့ မြှားကို နိပ်ပြီး ကြိုက်ရာရွေးပါ။ကျနော်ကတော့
What was the name of first pet? ကိုရွေးပါတယ်။ပြီးရင်ကြိုက်ရာနံမည်ထည့်။
နံပတ်(6) နေရာမှာလဲ What is your dream jod? ကိုရွေးပြီး မိမိ နှစ်သက်တဲ့ အလုပ်တခုခု ပေးပါ။ကျနော်က
driver လို့ ပဲ ထည့်ပါတယ်။ပုံမှာပြထားပါတယ်။
နံပတ်(8) နေရာမှာလဲ IN what city did your parsent meet ကိုရွေးပြီး ကြိုက်သည့် မြို့ တခုခု ထည့်ပါ။အလွယ် bangkok ပဲ
ထည့်ပါ။
နံပတ်(10) နေရာမှာက မိမိ recovery လုပ်မယ့်အခြား gmail တခုကို ထည့်ပေးပါ။
နံပတ်(11)/(12)/(13) နေရာမှာက မွေးနေ့ ထည့်ပေးရမှာပါ။
အားလုံးပြီးရင် Continue ကိုနိပ်ပါ။

နောက်တဆင့်မှာတော့ အပေါ် ကပုံအတိုင်း None နေရာနိပ်ပြီး ပုံမှာပြထားတဲ့အတိုင်းလေး အစဉ်လိုက်ထည့်ပေးပါ။
နံပတ်(2) နေရာမှာ ကျားမရွေးပါ
နံပတ်(3) နေရာမှာ အမည်ထည့်ပါ။
နံပတ်(4) နေရာမှာ လမ်းနံမည်ပါ ကြိုက်ရာဖြည့်
နံပတ်(5) နေရာမှာ မြို့ နေရာမှာ bangkok ထည့်ပါ
နံပတ်(6) နေရာမှာ မြှားကို နိပ်ပြီး ကြိုက်သည့် မြို့ နယ်တခုခု ရွေးပေးပါ။
နံပတ်(7) နေရာမှာ စာတိုက်နံပတ် ကို ကျနော်ပေးတာထည့်ပါ
နံပတ်(8) နေရာမှာ မြို့ နယ် ဧရိယာကုဒ် အတွက် ကျနော်ပေးတာထည့်ပါ။
နံပတ်(9) နေရာမှာ ဖုန်းနံပတ် အတွက် ကျနောပေးတာပဲ ထည့်ပါ
အားလုံးပြီးရင် Create Apple ID ကိုနိပ်ပါ

နောက်တဆင့်ရောက်ရင် ပုံမှာပြထားတဲ့ အတိုင်း Verify လုပ်ဖို့ အတွက် gmail မှာသွားစစ်ဖို့ ပြောပါလိမ့် မယ်။ok ကိုမနိပ်ပါနဲ့ ။
ဒီနေရာမှာ Resend Verification Email ကိုနိပ်ပြီး မိမိ ID ဖွင့်ထားတဲ့ Gmail ကိုသွားပါ။ Apple က စာရောက်ရင်ဖွင့်ပြီး Verify Now ကိုနိပ်ပါ။

Verify Now ကိုနိပ်ပြီးတာနဲ့ apple က Sing in ဝင်ဖို့ နေရာရောက်ရင် မိမိ ID ဖွင့်ထားတဲ့ gmail နဲ့  password ထည့်ပေးလိုက်ပါ။

မှန်ကန်တယ်ဆို အောက်ကပုံအတိုင်းပေါ်လာပါလိမ့် မယ်။ပြီးရင် Return to the store ကိုနိပ်လိုက်ပါ.သူ့ ဘာသူ အလုပ်လုပ်သွားပါလိမ့် မယ်။

ပြီးရင် itunes ကိုပြန်သွားပြီး Start Shopping ကိုနိပ်ပါ။

ဒါဆိုရင် Apple ID ဖွင့်လို့ ပြီးပါပြီး။ပြီးရင် free တခုခု ကို ဒေါင်းလော့ဆွဲပါ။Sing in ပြန်ဝင်ခိုင်းပါလိမ့် မယ်။ Sing in ဝင်ပေးလိုက်တာနဲ့  အောက်က ပုံလို ပေါ်လာရင် Done ကိုနိပ်ပေးလိုက်တာနဲ့ မိမိ ID ကို စတင် အသုံးပြုလို့ ရပါပြီ။

အားလုံးပဲ အဆင်ပြေပါစေ
post by မင်းဇင်နောင်
No comments:
Post a Comment